Mobile Mall (Mobile Phone sale & service)
၈၄ လမ်း၊ ၃၆x၃၇ ကြား၊မန္တလေးမြို့။
Followers
Saturday, December 28, 2013
Saturday, December 7, 2013
M.D.Y Assistance Teams Android Application
M.D.Y Assistance Teams Android Application အား
မန်းလေးမြို့နေ ပြည်သူများအတွက် တစ်ထောင့်တစ်နေရာမှ
အထောက်အကူပြု့နိုင်ရန် ဖန်တီးထားခြင်းဖြစ်ပါသည်
ယခု Application တွင် အချက်အလက်များမှားယွင်းခြင်း
မပါဝင်သေးသော အသင်းအဖွဲ့များ ရှိနေခြင်း
မိမိတို့ ဖြည့်သွင်းစေလိုသော အချက်အလက်များရှိနေခြင်းများကို
ယခု စာမျက်နှာတွင် အကြံပြု့ ရေးသားနိုင်ပါသည်...
Application အား အောက်ပါ လင့်မှာဒေါင်းလိုက်ပါ
https://www.dropbox.com/s/lham46561jr47pv/com.shwemanmyae.mdyteams.apk?m

Thursday, December 5, 2013
မိုဘိုင်းဖုန်းကိုင်သူများ သတိထားရန်ရောဂါ
ယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ ပက်သက်တဲ့ ရောဂါ အကြောင်းလေး ပြောရတာပေါ့။ ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။
သူငယ်ချင်း တစ်ယောက်ရှိတယ်။ ထိုင်နေရင်း အသံတစ်ခုခု ကြားရင် သူ့ဖုန်းချည်း ထင်နေတယ်။ မဟုတ်ရင်တောင် ဘယ်သူ့ဖုန်းလည်း လို့ တောင် သူက ထထမေးတတ်တယ်။ သူနဲ့ ခင်မင်မှု သိပ်မရှိတဲ့ လူတွေနဲ့တွေ့ဆုံတဲ့အခါ သို့မဟုတ် လူကြီးတွေနဲ့ တွေ့ခဲ့အခါ အရှက်ပြေ ကိုင်စရာ တစ်ခုအနေနဲ့ ဖုန်းကို ထုတ်ထုတ် ကလိပါတယ်။ ဘာရယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်း Screen က App စာမျက်နှာကို ဟိုပြောင်းဒီပြောင်းလုပ်၊ Phone Log ကိုကြည့်၊ Message ကိုဝင်ကြည့်။ ကြာတော့လည်း ပြောစရာ ဖြစ်လာ တာပေါ့။
တစ်နေ့ အိမ်မှာ အလုပ်လုပ်ရင်း လာအိပ်ဖြစ်တော့လဲ မအိပ်ခင် ဖုန်း မျက်နှာပြင် တစ်ကြည့်ကြည့်၊ ဖုန်းကိုလည်း လက်နဲ့ လှမ်းကောက်လို့ အနီးဆုံး ခေါင်းအုံးဘေးမှာ ထားအိပ်ရှာပါတယ်။ ကိုယ်တောင် သူဖုန်းကလိတာ တွေ့တိုင်း ကိုယ့်ဖုန်းကိုယ် ကလိချင်စိတ်ပေါ်ပြီး ကလိမိပါသေးရဲ့ ။ ဒါကလည်း ချောင်းဆိုးရင် တစ်ယောက် လိုက်ဆိုး သလိုပဲ တစ်ယောက်က ဖုန်းကလိတာတွေ့ရင် လိုက်ကလိနေချင်တာမျိုးက အများအားဖြင့် ဖြစ်တတ်ပါတယ်။
ဖုန်းကို အင်တာနက်လည်း လျှောက်ရော ရောဂါက စိုးပါလေရော။ ကားစောင့်နေရင်းလည်း Facebook ဖွင့်တယ်။ လမ်းလျှောက်နေ ရင်းလည်း Facebook ဖွင့်တယ်။ စကားပြောနေရင်းလည်း Facebook ဖွင့်တယ်။ လူကြားထဲ နေရ ထိုင်ရက် ကြပ်လာရင်လည်း Facebook ဖွင့်တယ်။ တစ်ခုခု စောင့်ရတာ ပြင်းရင်လည်း Facebook ဖွင့်တယ်။
ဒီတော့ ဖုန်းဘေလ်မြန်မြန်ကုန်။ ဖုန်းဘေလ်စောစောကုန်တော့လည်း မနေနိုင်ပါဘူး။ ငွေမရှိတောင် စာရေးသူဆီက ချေးလို့ ဖုန်းကဒ်ကို တစ်နာရီမခြား ပြန်ဖြည့်ပြီး သူ့ဖုန်းနဲ့ လုပ်နေကျ အလုပ်တို့ လုပ်ပါတယ်။ နောက်တော့ သူ့မှာ ဖြစ်လာတာက ဘယ် အလုပ် လုပ်လုပ် နမော်နမဲ့ နိုင်သလို ဖြစ်လာပြီး ကားနောက်ကျတာမျိုး၊ အလုပ် နောက်ကျတာမျိုး၊ ဖုန်းဘေလ်မဖြည့်ရပဲ တစ်ရက်လောက် နေ တဲ့ အခါ စိတ်ဓာတ်ကျနေတာမျိုးတို့ ကြုံနေရှာတယ်။ မျက်နှာက မရွှင်မလမ်းနဲ့။ ဒီတော့ အင်တာနက် မှာ စာရှာဖတ်ကြည့်တဲ့အခါ ဖုန်း တစ်ရက်ပျောက်လို့ မနေနိုင်တာတို့၊ ဖုန်းကို ကိုယ်ခွဲလို သဘောထား အသုံးပြုနေတာမျိုးက စိတ်ရောဂါ တစ်မျိုးလို့ သိလိုက်ရပါတယ်။
ယင်းစိတ်ရောဂါက အထက်ကဖော်ပြပါအတိုင်းပဲ စိတ်ဓာတ်ကျခြင်း (Depression) ကို ဖြစ်စေပြီး မေ့မေ့လျော့လျော့လညး ဖြစ်စေပါတယ်။ အလုပ်လည်း ပျက်ပါတယ်။ ဒီတော့ ဖုန်း စွဲတဲ့ ဖုန်းရောဂါ လဏ္ခာ များက
- ၁၀ မိနစ်တစ်ခါ ဖုန်း မျက်နှာပြင် ကြည့်မိရင်
- သူငယ်ချင်းနဲ့ စကားပြောရင်း ဖုန်းခဏခဏ ကြည့်မိရင်
- သီချင်းသံ ကြားတိုင်း မိမိဖုန်းက မြည်သည်ဟု ထင်နေရင်
- ဖုန်မမြည်လဲ မြည်တယ်လို့ ထင်နေရင်
- တစ်နေ့လုံး ဖုန်းမပြောပဲ မနေနိုင်ရင်
- ခဏတိုင်း Message ဝင်ဝင်စစ်နေရင်
- သူများ ဖုန်း ကလိတာတွေ့တိုင်း ကိုယ့်ဖုန်းကို ကလိလာမိတာ အကြိမ်များရင်
--
ရောဂါပျောက်ရန်
ရှင်းပါတယ်။ ဖုန်း ကလိတဲ့ အကြိမ်ကိုလျော့နိုင်လေကောင်းလေပါပဲ။ ဖုန်းပြောတဲ့ အချိန်လျော့နိုင်လေကောင်းလေးပါပဲ။ လူများကြား ရှက်သလို၊ ရွံ့ သလို ဖြစ်တဲ့အခါ ဖုန်းထုတ်ကြည့်မယ့်အစား တည်တည်နေလိုက်တာမျိုးတို့ လုပ်ကြည့်ပေါ့။ အရှင်းဆုံး ကတော့ ဖုန်းကို မေ့မေ့လျော့လျော့လောက် ထားနိုင်တာပါပဲ။ ( မေ့တော့မထားခဲ့နဲ့လေ။ တော်ကြာ အရေးကြီးဖုန်းများ လွဲနေအုံးမယ်။ သွားလေရာ ဖုန်း တစ္ဆေအကပ်ခံရသလို ထင်မနေစေဖို့ ဖြစ်ပါတယ်။) အပြင်မှာ တွေ့ဖို့ ပိုလွယ်တဲ့ သူငယ်ချင်းကို ဖုန်းဆက်တာထက် အပြင်မှာ သွားတွေ့လိုက်တာမျိုး၊ ဖုန်းနဲ့ ဆော့မယ့် ဂိမ်းအစား အပြင်မှာ ဘောလုံးကန်တာမျိုး၊ Gym စော့တာမျိုး၊ ရေကူးတာမျိုး၊ သူငယ်ချင်းနဲ့ ပျော်ပွဲစား ထွက်တာမျိုး၊ သီချင်းနားထောင်တာမျိုး တို့ လုပ်တာ မျိုးတို့ ပိုကောင်းပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဘာမှမလုပ်ပဲ စိတ်ငြိမ်၊ ရုပ်ငြိမ်နေပေါ့။ တိတ်ဆိတ်နေတဲ့ အခါ တစ်ခါခါကျ ဖုန်း ကလိချင်စိတ်ပေါက်နေတာလေး လျော့အောင်ပေါ့။
စာဖတ်သူတို့ထဲမှာလည်း ဖုန်းစွဲ၊ ဖုန်းမခွဲမခါ စိတ်ရောဂါလေး ရှိနေရင် ဒီစာလေး ရှဲလို့ မျှဝေပေးနိုင်ပါတယ်။
-From အောင်ခမ်း (TSJ team)

iPhone 5S လုပ်လို့မရတဲ့ Galaxy S4 ရဲ့ အားသာချက်
ခွန်နေ(AMMG)
ပွဲဆူအောင်လုပ်တယ်တော့မထင်ပါနဲ့ ။ businessinsider.com ရဲ့ ဖော်ပြချက်
ကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြ စ်တယ်။iPhone 5S မှာလည်း သူ့အား
သာချက်သူရှိပေမယ့် ဒီရေးသားချက်တွေမှာ အားနည်းချက်ရှိနေတာကိုတွေ့
နေရပါတယ်။ ဝေဖန်သူကတော့ Samsung ကိုအားပေးတဲ့ သူထင်ပါရဲ့ 
iPhone 5s မှာလုပ်လို့မရတဲ့ ဟာတွေကိုသာ သေချာထောက်ပြဝေဖန်သွား
ပါတယ်။
၁။ Samsung Galaxy S4 မှာ စမတ်တီဗီ တွေကိုထိန်းချုပ်လို့ရတဲ့ universal remote စနစ်ပါဝင်ပြီး iPhone 5S မှာအသုံးပြုလို့မရတဲ့ အားနည်းချက် ရှိတယ်။
၂။ Android ဖြစ်တဲ့ S4 မှာ NFC စနစ်လို့ခေါ်တဲ့ near field communitcation ပါဝင်တယ်။
ဥပမာ သင့်ဖုန်းမှာ Bank အကောင့် Cedit Card နဲ့ချိတ်ဆက်ပြီး ငွေစာရင်း
တွေကို ဖုန်းထဲမှာ ထည့်သွင်းထားတယ်ဆိုရင် စူပါမားကတ်တို့လိုနေရာမျိုးမှာ
ငွေချေတဲ့အခါ ဖုန်းအသုံးပြုပြီး ဆင်ဆာမှာပြလိုက်တာနဲ့ အလိုအလျောက်
ဖြတ်တောက်စေတဲ့စနစ်ပါ။iPhone 5S မှာတော့ အဲဒီစနစ်ပါဝင်လာခြင်း
မရှိဘူး။ အချို့က ဒီစနစ်ကိုလုံခြုံမူမရှိလို့ ထောက်ပြဝေဖန်ထားတယ်။
၃။ Galaxy S4 မှာ 32GB နဲ့ 64GB တို့အပြင် Micro Sd ကဒ်ထပ်ထည့်အသုံး
ပြုလို့ရတဲ့ အားသာချက်ရှိတယ်။
၎။ ဘယ်စမတ်ဖုန်းမှာမှ ဘက်ထရီက ပြည့်စုံအားသာတယ်ဆိုတာမရှိပါဘူး ။
အားကုန်တဲ့ အချိန်၊သက်တမ်းလွန်ရင် အားနည်းချက်တော့ပေါ်လာစမြဲပဲ။
ဒါပေမယ့် Android ဖုန်းတွေဖြစ်တဲ့ S4 မှာ ဘက်ထရီကိုအလွယ်တကူ ဖြုတ်
ယူတပ်ဆင်လို့ရတယ်။လွယ်ကူစွာလဲလှ ယ်အသုံးပြုလို့ရတယ်။
၅။ S4 မှာဗီဒီယိုတွေကို 1080p HD Video အပြည့်အဝကြည့်ရှုလို့ရနိုင်တယ်။
၆။ iPhone 5s ကနောက်တစ်ခုမယှဉ်နိုင်တာ မျက်နှာပြင်မှာ S4 ကပိုကြီး ပြီးတော့ ၅ လက်မဆိုတဲ့ အရွယ်အစားနဲ့ အားသာနေတယ်ဆိုတဲ့အချက်ပါပဲ။
၇။ အုပ်စုလိုက် ဂိမ်းကစားတဲ့အခါ၊ဓာတ်ပုံ၊ဗီဒီယိုတွေကို တစ်ယောက်နဲ့
တစ်ယောက်မျှဝေတာ၊APP တွေကိုတစ်ယောက်နဲ့တစ်ယောက် File Sharing လုပ်တဲ့အခါ Android ဖုန်းဖြစ်တဲ့ Samsung Galaxy S4 ကကြိုးမဲ့၊
Wifi Zapya,Bluetooth စနစ်နဲ့ အလွယ်တကူ မျှဝေရယူနိုင်တဲ့ အားသာချက် ရှိတယ်။
၈။ S4 ဟာ ဓာတ်ပုံရိုက်တဲ့ အခါရုပ်ပုံရဲ့  Background တွေမှာမလိုအပ်တဲ့ အရာတွေကို အလိုအလျောက် ဖြတ်ပစ်ပေးနိုင်တဲ့ အားသာချက်ပါဝင်တယ်။
၉။ သင် ဖုန်းမျက်နှာပြင်ကိုကြည့်ပြီးစာ ဖတ်နေတယ် (သို့မဟုတ်) တစ်ခုခုလုပ်နေတယ်ပဲ ထားပါ။မျက်နှာပြင်ကို လုံးဝ တို့ထိခြင်းမရှိပဲ ဒီတိုင်းပဲကြည့်နေမယ်ဆိုရင် သတ်မှတ်ထားတဲ့ Screen
timeout ကိုရောက်ရင် Screen Off ဖြစ်တယ်ဆိုတာလူတိုင်းသိမှာပါ။သို့ပေ
မယ့် ဒီ S4 မှာကအဲ့ဒီလိုမဟုတ်ပဲ Screen ကိုကြည့်ရှုနေပါက timeout ဆို
ပြီး Screen Off ဖြစ်သွားတယ်ဆိုတာမရှိပဲ Sensor စနစ်နဲ့ အလိုအလျောက်
ကြည့်ရှုလို့အဆင်ပြေစေမယ့် အားသာချက်ပါဝင်နေတယ်ဆိုတာပါပဲ။
၁၀။ Galaxy S4 ဟာ ကွန်ပျူတာတွေနဲ့ချိတ်ဆက်တဲ့အခါ အလွယ်တကူ USB နဲ့ချိတ်ဆက်အသုံးပြုလို့အဆင်ပြေ စေတယ်။
၁၁။ Galaxy S4 ဟာမျက်နှာပြင်တစ်ခုတည်းမှာကို App နှစ်ခုကို တစ်ပြိုနက် အသုံးပြုလို့ရတဲ့ အားသာချက်တွေပါဝင်တယ်။
အထက်ပါ အချက်-၁၁ ချက်က iPhone 5s မှာပါဝင်မူမရှိတဲ့ အားနည်ချက်
တွေဖြစ်တယ်ဆိုပြီး busineessinsider ကဖော်ပြထားခြင်းဖြစ်ပါတယ်။
ခွန်နေ(AMMG)
ပွဲဆူအောင်လုပ်တယ်တော့မထင်ပါနဲ့
ကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြ
သာချက်သူရှိပေမယ့် ဒီရေးသားချက်တွေမှာ အားနည်းချက်ရှိနေတာကိုတွေ့
နေရပါတယ်။ ဝေဖန်သူကတော့ Samsung ကိုအားပေးတဲ့ သူထင်ပါရဲ့ 
iPhone 5s မှာလုပ်လို့မရတဲ့ ဟာတွေကိုသာ သေချာထောက်ပြဝေဖန်သွား
ပါတယ်။
၁။ Samsung Galaxy S4 မှာ စမတ်တီဗီ တွေကိုထိန်းချုပ်လို့ရတဲ့ universal remote စနစ်ပါဝင်ပြီး iPhone 5S မှာအသုံးပြုလို့မရတဲ့ အားနည်းချက် ရှိတယ်။
၂။ Android ဖြစ်တဲ့ S4 မှာ NFC စနစ်လို့ခေါ်တဲ့ near field communitcation ပါဝင်တယ်။
ဥပမာ သင့်ဖုန်းမှာ Bank အကောင့် Cedit Card နဲ့ချိတ်ဆက်ပြီး ငွေစာရင်း
တွေကို ဖုန်းထဲမှာ ထည့်သွင်းထားတယ်ဆိုရင် စူပါမားကတ်တို့လိုနေရာမျိုးမှာ
ငွေချေတဲ့အခါ ဖုန်းအသုံးပြုပြီး ဆင်ဆာမှာပြလိုက်တာနဲ့ အလိုအလျောက်
ဖြတ်တောက်စေတဲ့စနစ်ပါ။iPhone 5S မှာတော့ အဲဒီစနစ်ပါဝင်လာခြင်း
မရှိဘူး။ အချို့က ဒီစနစ်ကိုလုံခြုံမူမရှိလို့ ထောက်ပြဝေဖန်ထားတယ်။
၃။ Galaxy S4 မှာ 32GB နဲ့ 64GB တို့အပြင် Micro Sd ကဒ်ထပ်ထည့်အသုံး
ပြုလို့ရတဲ့ အားသာချက်ရှိတယ်။
၎။ ဘယ်စမတ်ဖုန်းမှာမှ ဘက်ထရီက ပြည့်စုံအားသာတယ်ဆိုတာမရှိပါဘူး
အားကုန်တဲ့ အချိန်၊သက်တမ်းလွန်ရင် အားနည်းချက်တော့ပေါ်လာစမြဲပဲ။
ဒါပေမယ့် Android ဖုန်းတွေဖြစ်တဲ့ S4 မှာ ဘက်ထရီကိုအလွယ်တကူ ဖြုတ်
ယူတပ်ဆင်လို့ရတယ်။လွယ်ကူစွာလဲလှ
၅။ S4 မှာဗီဒီယိုတွေကို 1080p HD Video အပြည့်အဝကြည့်ရှုလို့ရနိုင်တယ်။
၆။ iPhone 5s ကနောက်တစ်ခုမယှဉ်နိုင်တာ မျက်နှာပြင်မှာ S4 ကပိုကြီး ပြီးတော့ ၅ လက်မဆိုတဲ့ အရွယ်အစားနဲ့ အားသာနေတယ်ဆိုတဲ့အချက်ပါပဲ။
၇။ အုပ်စုလိုက် ဂိမ်းကစားတဲ့အခါ၊ဓာတ်ပုံ၊ဗီဒီယု
တစ်ယောက်မျှဝေတာ၊APP တွေကိုတစ်ယောက်နဲ့တစ်ယောက် File Sharing လုပ်တဲ့အခါ Android ဖုန်းဖြစ်တဲ့ Samsung Galaxy S4 ကကြိုးမဲ့၊
Wifi Zapya,Bluetooth စနစ်နဲ့ အလွယ်တကူ မျှဝေရယူနိုင်တဲ့ အားသာချက် ရှိတယ်။
၈။ S4 ဟာ ဓာတ်ပုံရိုက်တဲ့ အခါရုပ်ပုံရဲ့  Background တွေမှာမလိုအပ်တဲ့ အရာတွေကို အလိုအလျောက် ဖြတ်ပစ်ပေးနိုင်တဲ့ အားသာချက်ပါဝင်တယ်။
၉။ သင် ဖုန်းမျက်နှာပြင်ကိုကြည့်ပြီးစာ
timeout ကိုရောက်ရင် Screen Off ဖြစ်တယ်ဆိုတာလူတိုင်းသိမှာပါ။သု
မယ့် ဒီ S4 မှာကအဲ့ဒီလိုမဟုတ်ပဲ Screen ကိုကြည့်ရှုနေပါက timeout ဆို
ပြီး Screen Off ဖြစ်သွားတယ်ဆိုတာမရှိပဲ Sensor စနစ်နဲ့ အလိုအလျောက်
ကြည့်ရှုလို့အဆင်ပြေစေမယ့် အားသာချက်ပါဝင်နေတယ်ဆိုတာပါပဲ။
၁၀။ Galaxy S4 ဟာ ကွန်ပျူတာတွေနဲ့ချိတ်ဆက်တဲ့အခါ အလွယ်တကူ USB နဲ့ချိတ်ဆက်အသုံးပြုလို့အဆင်ပြေ
၁၁။ Galaxy S4 ဟာမျက်နှာပြင်တစ်ခုတည်းမှာကို App နှစ်ခုကို တစ်ပြိုနက် အသုံးပြုလို့ရတဲ့ အားသာချက်တွေပါဝင်တယ်။
အထက်ပါ အချက်-၁၁ ချက်က iPhone 5s မှာပါဝင်မူမရှိတဲ့ အားနည်ချက်
တွေဖြစ်တယ်ဆိုပြီး busineessinsider ကဖော်ပြထားခြင်းဖြစ်ပါတယ်။
ခွန်နေ(AMMG)
ဖုန်းပြင် မယ် ဆိုလျှင် ( ဆောင်ရန် ရှောင်ရန် )
ဒီ Page ကို ဖတ်တဲ့ သူတွေ ထဲ မှာ User တွေ ပါ သလို Service သမား တွေ လဲ ပါပါတယ် ။ ကျွှန်တော် တို့ ကြုံ တွေ့ နေတာ လေး တစ်ခု ဝေမျှ ချင်ပါတယ် ။
ကာစတန်မာ များ အနေ နဲ့ လဲ မိမိ ဖုန်း ပြင် မယ် ဆို လျှင် ဆိုင် အကြီး အသေး ထက် Service ကောင်း တဲ့ ဆိုင် ကို ရွေးချယ် သင့် ပါတယ် ။
ဆိုင် ကြီး တိုင်း လဲ မကောင်း သလို ဆိုင် သေး တွေ မှာ လဲ သင်တန်း တောင် မတက် ဖူး ပဲ မိမိ လေ့ လာ သလောက် နဲ့ ပြု ပြင် နေတဲ့ ဆိုင် တွေ လဲ ရှိပါတယ် ။ဆိုင် ကြီး နှင့် ဆိုင် သေး ကွာခြား ချက် က တော့ အချိန် ကွာခြား နိုင်ပါတယ် ။ဆိုင်ကြီး အများ စု က ဘာပဲ ပျက်ပျက်၂ ရက် သို့ ၃ ရက် ခွာချိန်း လေ့ ရှိပါတယ် ။ဆိုင်သေး တွေ က တော့ ရသလောက် ချက်ခြင်း လုပ်ပေး ပါတယ် အများ ဆုံး တစ် ရက် ပဲ ကြာပါတယ် ။Error ပေါ် မူတည် တာပေါ့ ။နောက်တစ်ခု က ဈေး ကွာ နိုင်ပါတယ် ဆိုင်ကြီး တွေ က ဈေး နည်းနည်း လျော့ တက်ပါတယ် ။ဥပမာ - Touch လဲ လျှင် ဆိုင်သေး မှာ ၁၅၀၀၀ ဆို ဆိုင် ကြီး မှာ ၁၃၀၀၀ နဲ့ ရ တက်ပါတယ် ။ ထို့ ကြောင့် မိမိ ဖုန်း အပ် မယ် ဆို လျှင် Service ကောင်း တယ် ဆို တဲ့ ဆိုင်ကို ရွေး ချယ် ပြင် ကြပါ ။ မိမိ ပြုပြင် တဲ့ ဆိုင် က Service မကောင်း လျှင် ပြုပြင် လို့ ရတဲ့ အခြေ နေက နေ ပိုဆိုး သွား နိုင်ပါတယ် ။ ခုနောက် ပိုင်း ကာစတန်မာ များ ကို တွေ့ နေရတာ က တစ်ဆိုင် မရ နောက် တစ်ဆိုင် ဆို ပြီး တစ်ဆိုင် ပြီး တစ်ဆိုင် ပို့ နေကြပါတယ် ။ ကျွှန်တော် တို့ ဆိုင်လာ တဲ့ အလုံး တွေ ဆို တွေ့ နေရတာ က ဖြစ်တာ က သေးသေးလေး IC တွေ မှုတ်ထား တာ မှ ရစရာ မရှိ တာမျိုး တွေ ဖြစ်တာ တစ်နေရာ လုပ်တာ တစ်နေရာ မျိုး တွေ ရှိနေပါတယ် ။ ထို့ ကြောင့် Service ကောင်းတယ် မိမိ ကြားဖူး တဲ့  နေရာကို တစ်ခါ ထဲ အပ်ပါ ။ ပြီးလျှင် မိမိ ဖြစ်တာ ကို သေချာ ပြော ပါ ။ ဘယ်က နေ စ ဖြစ် တာ လဲ ဘယ်လို ဖြစ် တာ လဲ ဆိုတာ ပြောပြ ပါ ။ Service သမား အနေ နဲ့ ပြုပြင် ဖို့ လွယ်ကူ စေပါတယ် ။ အချိန်ကုန် သက်သာ စေ ပါတယ် ။မှား ယွင်း လုပ် မိတာ တွေ လျော့ စေ ပါတယ် ။
ဆိုင်သမား များ အနေ နှင့် ဖုန်းတစ်လုံး စပြင် မယ်ဆို လျှင် အဓိက က ကာစတန် မာ ကို အရင် မေး ပါ ဘယ်က စ ဖြစ် လဲ ဆိုတာ ကို ။ဘယ်သူ ဖြစ်ဖြစ် အဲ့ ဒါ ကို မမေ့ သင့် ပါဘူး ဆိုင်ဝန်ထမ်း service သမား ဆိုလဲ လက်ခံ စာရေး တွေ ကို ဘယ်က စ ဖြစ် လဲ ဥပမာ ပြုတ်ကျ ရေ၀င် သို့ သုံး နေ ရင်း ဖြစ်တာ လား စ သဖြင့် ပေါ့ ဗျာ မေးခိုင်းထားပါ ။
ပြုပြင် ဖို့ လိုက်တဲ့ အချိန် လမ်းကြောင်း မလွဲ တာပေါ့ ။ ဥပမာ viber သွင်း လိုက်လို့ အသံ ပျောက် သွား တာ မျိုး ကို ကာစတန် မာ က တချို့ က အသံ မထွက်လို့ ဆိုလာအပ် တက်ပါတယ် ။ မမေး ပဲ လက်ခံ ပြီး ပြင်မယ့် အချိန် ကျ ရင် software ပိုင်း လုပ် ရမှာ ကို Hardware ပိုင်း က စလုပ် မိ တာမျိုး တွေ ကြုံ လာနိုင်ပါတယ် ။အချိန်ကုန် လူပန်း ပါတယ် ။ တခြား အဲ့ လို များ မှား လုပ်ပြီး ပို ဆိုးတာ တွေ ရှိပါတယ် ။ ပြီး တော့ နောက် တစ်ခု ပြော ချင်တာက ခုနောက် ပိုင်း ဆိုင်တော်တော် များများ က တစ်ခုခု ဆို IC ic နဲ့ ။ ရှော့ ကျ လဲ IC ဘာဖြစ်ဖြစ် IC ဆိုပြီး လွယ်လွယ် နဲ့ ပြင် မရတော့ ရှင် IC အပူပေး မယ် ဖြုတ် မယ် ပြန်တက် မယ် စ သဖြင့် လုပ် ကြပါတယ် ။ တကယ် ဖြစ် တာ တစ်နေ ရာ ကို က IC လုပ် မရ တော့ ပြန်ပေး လိုက် ကော ။ကာစတန်မာ က နောက် တစ်ဆိုင် သွား တော့ အဲ့ ဆိုင် က အဲ့ Error ကို ရှင်း နိုင်ရင် တောင် ရှေ့ က IC တွေ လျောက် မှုတ် ဟိုဖြုတ်ဒီ ဖြုတ် လုပ်ထား တော့ ပြင် မရ တော့ တာတွေ အများ ကြီး တွေ့ နေရပါတယ် ။ ကိုယ် နိုင် သလောက် လုပ် မရ ရင် ပြန်ပေး လိုက်ပါ ။ရတဲ့ ဆိုင်လုပ် ပါစေ ... မိမိ လဲ အဆင်ပြေ ကာစတန်မာ လဲ အဆင်ပြေ တာပေါ့ ။
ခု မှ စလုပ် တဲ့ သူ တွေ အတွက် ရည်ရွယ် ပြီး ဒီ Post ကို တင်လိုက်တာပါ ....
အဆင်ပြေ ကြပါစေ ..
တစ်စုံ တစ်ယောက် ကို ရည်ရွယ် ခြင်း မရှိပါ ။
အပြောမှား အဆို မှား တာ ရှိလျှင် တောင်းပန် ပါတယ် ။

Wednesday, December 4, 2013
Android 4.4 kitkat တွင်မြန်မာစာစနစ်ပါဝင်လာပါပြီ
Google ၏ နောက်ဆုံးထွက်ရှိထားသည့် မိုဘိုင်း Operation System ဖြစ်သော Android 4.4 KitKat တွင် မြန်မာစာယူနီကုဒ်စနစ်ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။ မြန်မာစာယူနီကုဒ် Font များကို Windows, Mac OSX, Android, Linux အစရှိသည့် Operation System တို့တွင် Install ပြုလုပ် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း iOS Platform အတွက် ပါဝင်လာခြင်း မရှိသေးပေ။ ယခင်က Android 4.4 KitKat Version တွင် Unicode Font ကို ပြုလုပ်မှ အသုံးပြု၍ ရနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုမှ တရားဝင် ပါဝင်လာခြင်း ဖြစ်သည်။
Android 4.4 KitKat Version တွင် Myanmar Unicode ပါဝင်လာခြင်းကြောင့် မြန်မာစာသက်သက်အတွက် Root လုပ်စရာ မလိုတော့ပါ။ Android apps များရေးသားရာတွင်လည်း Myanmar Font အတွက် Zawgyi Font ကို app ထဲ ထည့်စရာ မလိုတော့လို့ ကျုံ့သွားမှာပါ။ Unicode Font သုံးမယ်ဆိုရင် ရှိပြီးသား app တွေအတွက် Compatible လည်းပိုဖြစ်လာမှာပါ။ ယခုကဲ့သို့ Android 4.4 KitKat တွင် Myanmar Unicode တရားဝင် ပါဝင်လာခြင်းကြောင့် Unicode အသုံးပြုလိုသူများအတွက် အဆင်ပြေလာမည် ဖြစ်ပြီး စတင်စမ်းသပ် သုံးစွဲသူများ အတွက်မူ လက်ကွက် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါတယ်။

iPhone 5S အတွင်းမှာ ဘာထူးခြားပြောင်းလဲသွားလဲ
iFixit အမည်ရ ဝဘ်ဆိုဒ်က iPhone 5S အတွင်းပစ္စည်းပြောင်းလဲမှုများကို ဖွင့်ပြ သွားပါတယ်။
iFixit တို့ ပြောဆို ပြသချက်အရ အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားမှု မရှိပါဘူး။ ကြိုးတစ်ချောင်းပိုလာတာ တစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။ Touch ID Sensor နဲ့ Lightening Portကြား ဆက်သွယ်ထားတဲ့ ဝါယာကြိုး တစ်ခု သာ ပိုပြီး ဖုန်း ဟာ့ဒ်ဝဲ ပြင်သမားတွေ အထူးသတိထားရမယ့် အစိတ် အပိုင်း တစ်ခု ဖြစ်ကြောင်း ဆိုပါတယ်။
ဟာ့ဒ်ဝဲ တည်ဆောက်ပုံ ဒီဇိုင်း ပြောင်းလဲ မသွားပါဘူး။ Upgrade လုပ်ထား တဲ့ ပစ္စည်းများကို အသုံးပြုလိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုပါတယ်။ ဥပမာ A6 ကနေ 64 bit A7 Chip ကို အသုံးပြုလိုက်တာမျိုး ဖြစ်ပြီး ကမ္ဘာ့ Processor အမြန်ဆုံး စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပြင် ဒီဇိုင်းအားဖြင့်လည်း ထူးထူးခြားခြား မပြောင်းလဲပါဘူး။ iPhone 5S 16 GB ပထမ သုံးလုံး ဝယ်ယူသူကို ၈ သိန်းခွဲနဲ့ ရောင်းချပေးမယ် လို့ ပြည်တွင်း မိုဘိုင်းဆိုင်တစ်ခုက အောက်ပါ လခ့်မှာ ကြော်ငြော ထားပါသေးတယ်။
http://goo.gl/TDaLcn
Aung Kham (TSJ Team)

Subscribe to:
Posts (Atom)