Followers

Monday, December 2, 2013

"နောင်ထွက်ရှိလာမည့် Galaxy S5 တွင် eye-scanning sensor ပါဝင်လာမည်ဖြစ်ကြောင်း သတင်းများထွက်ရှိလာ"

Apple ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ iPhone 5S မှာ Finger Print Scanner ပါဝင်ပြီးဆိုတာကို အားလုံးသိရှိပြီးဖြစ်မယ် ထင်ပါတယ်။ မိမိရဲ့ လက်ဗွေရာကို အသုံးပြုပြီး device ကို ဖွင့်နိုင် အောင်ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ iPhone မှာရှိတဲ့ Home Button ပေါ်ကနေပြီးတော့ မိမိရဲ့လက်ဗွေရာကို ဖတ်မှာဖြစ်ပါတယ်။ ထိုကဲ့သို့ သော feature ကို HTC ကလည်း မကြာသေးမှီကမှ ကြေငြာလိုက်သော HTC One Max မှာထည့်သွင်း အသုံးပြုထားတာကို တွေ့ ရပါတယ်။ HTC One Max တွင်တော့ လက်ဗွေရာကို ဖုန်းရဲ့နောက်ကြောမှာရှိတဲ့ sensor ကနေ ဖတ်မှာဖြစ်ပါတယ်။

ယခုကဲ့သို့  Apple, HTC များကနေပြီး နောက်ဆုံးပေါ် security နည်းပညာများကို အသုံးပြုနေကြချိန်မှာ ကမ္ဘာ့ နံပတ် ၁ ဖုန်းရောင်းချမှု ကုမ္ပဏီဖြစ်တဲ့ Samsung ကလည်း နည်းပညာအသစ်တစ်မျိုးကို ၎င်းရဲ့ နောင်ထွက်မယ့် Galaxy S5 မှာထည့်သွင်းဖို့  ကြံရွယ်နေပြီလို့  သိရပါတယ်။ အဲ့ဒါကတော့ မိမိရဲ့မျက်လုံးကိုဖတ်မယ့် eye-scanning sensor ပဲဖြစ်ပါတယ်။ ကျနော်တို့  နိုင်ငံခြားရုပ်ရှင်ကားများထဲတွင် တွေ့ ရသည့်အတိုင်း မိမိမျက်လုံးကို scan ဖတ်ပြီး ဖုန်းကို ဖွင့်နိုင်အောင်ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ အကယ်၍ ယခုသတင်းသာ အတည်ဖြစ်သည်ဆိုလျှင်တော့ Galaxy S5 သည် iPhone 5S, HTC One Max တို့ တွင်ပါဝင်သော finger print scanner ထက် security ပိုင်းပိုမိုသာလွန်မှာ ဖြစ်ကြောင်း သိရပါတယ်။

Source : GSMArena

No comments:

Post a Comment