Followers

Thursday, December 5, 2013

ဖုန်းပြင် မယ် ဆိုလျှင် ( ဆောင်ရန် ရှောင်ရန် )

ဒီ Page ကို ဖတ်တဲ့ သူတွေ ထဲ မှာ User တွေ ပါ သလို Service သမား တွေ လဲ ပါပါတယ် ။ ကျွှန်တော် တို့ ကြုံ တွေ့ နေတာ လေး တစ်ခု ဝေမျှ ချင်ပါတယ် ။

ကာစတန်မာ များ အနေ နဲ့ လဲ မိမိ ဖုန်း ပြင် မယ် ဆို လျှင် ဆိုင် အကြီး အသေး ထက် Service ကောင်း တဲ့ ဆိုင် ကို ရွေးချယ် သင့် ပါတယ် ။
ဆိုင် ကြီး တိုင်း လဲ မကောင်း သလို ဆိုင် သေး တွေ မှာ လဲ သင်တန်း တောင် မတက် ဖူး ပဲ မိမိ လေ့ လာ သလောက် နဲ့ ပြု ပြင် နေတဲ့ ဆိုင် တွေ လဲ ရှိပါတယ် ။ဆိုင် ကြီး နှင့် ဆိုင် သေး ကွာခြား ချက် က တော့ အချိန် ကွာခြား နိုင်ပါတယ် ။ဆိုင်ကြီး အများ စု က ဘာပဲ ပျက်ပျက်၂ ရက် သို့ ၃ ရက် ခွာချိန်း လေ့ ရှိပါတယ် ။ဆိုင်သေး တွေ က တော့ ရသလောက် ချက်ခြင်း လုပ်ပေး ပါတယ် အများ ဆုံး တစ် ရက် ပဲ ကြာပါတယ် ။Error ပေါ် မူတည် တာပေါ့ ။နောက်တစ်ခု က ဈေး ကွာ နိုင်ပါတယ် ဆိုင်ကြီး တွေ က ဈေး နည်းနည်း လျော့ တက်ပါတယ် ။ဥပမာ - Touch လဲ လျှင် ဆိုင်သေး မှာ ၁၅၀၀၀ ဆို ဆိုင် ကြီး မှာ ၁၃၀၀၀ နဲ့ ရ တက်ပါတယ် ။ ထို့ ကြောင့် မိမိ ဖုန်း အပ် မယ် ဆို လျှင် Service ကောင်း တယ် ဆို တဲ့ ဆိုင်ကို ရွေး ချယ် ပြင် ကြပါ ။ မိမိ ပြုပြင် တဲ့ ဆိုင် က Service မကောင်း လျှင် ပြုပြင် လို့ ရတဲ့ အခြေ နေက နေ ပိုဆိုး သွား နိုင်ပါတယ် ။ ခုနောက် ပိုင်း ကာစတန်မာ များ ကို တွေ့ နေရတာ က တစ်ဆိုင် မရ နောက် တစ်ဆိုင် ဆို ပြီး တစ်ဆိုင် ပြီး တစ်ဆိုင် ပို့ နေကြပါတယ် ။ ကျွှန်တော် တို့ ဆိုင်လာ တဲ့ အလုံး တွေ ဆို တွေ့ နေရတာ က ဖြစ်တာ က သေးသေးလေး IC တွေ မှုတ်ထား တာ မှ ရစရာ မရှိ တာမျိုး တွေ ဖြစ်တာ တစ်နေရာ လုပ်တာ တစ်နေရာ မျိုး တွေ ရှိနေပါတယ် ။ ထို့ ကြောင့် Service ကောင်းတယ် မိမိ ကြားဖူး တဲ့  နေရာကို တစ်ခါ ထဲ အပ်ပါ ။ ပြီးလျှင် မိမိ ဖြစ်တာ ကို သေချာ ပြော ပါ ။ ဘယ်က နေ စ ဖြစ် တာ လဲ ဘယ်လို ဖြစ် တာ လဲ ဆိုတာ ပြောပြ ပါ ။ Service သမား အနေ နဲ့ ပြုပြင် ဖို့ လွယ်ကူ စေပါတယ် ။ အချိန်ကုန် သက်သာ စေ ပါတယ် ။မှား ယွင်း လုပ် မိတာ တွေ လျော့ စေ ပါတယ် ။ 

ဆိုင်သမား များ အနေ နှင့် ဖုန်းတစ်လုံး စပြင် မယ်ဆို လျှင် အဓိက က ကာစတန် မာ ကို အရင် မေး ပါ ဘယ်က စ ဖြစ် လဲ ဆိုတာ ကို ။ဘယ်သူ ဖြစ်ဖြစ် အဲ့ ဒါ ကို မမေ့ သင့် ပါဘူး ဆိုင်ဝန်ထမ်း service သမား ဆိုလဲ လက်ခံ စာရေး တွေ ကို ဘယ်က စ ဖြစ် လဲ ဥပမာ ပြုတ်ကျ ရေ၀င် သို့ သုံး နေ ရင်း ဖြစ်တာ လား စ သဖြင့် ပေါ့ ဗျာ မေးခိုင်းထားပါ ။
ပြုပြင် ဖို့ လိုက်တဲ့ အချိန် လမ်းကြောင်း မလွဲ တာပေါ့ ။ ဥပမာ viber သွင်း လိုက်လို့ အသံ ပျောက် သွား တာ မျိုး ကို ကာစတန် မာ က တချို့ က အသံ မထွက်လို့ ဆိုလာအပ် တက်ပါတယ် ။ မမေး ပဲ လက်ခံ ပြီး ပြင်မယ့် အချိန် ကျ ရင် software ပိုင်း လုပ် ရမှာ ကို Hardware ပိုင်း က စလုပ် မိ တာမျိုး တွေ ကြုံ လာနိုင်ပါတယ် ။အချိန်ကုန် လူပန်း ပါတယ် ။ တခြား အဲ့ လို များ မှား လုပ်ပြီး ပို ဆိုးတာ တွေ ရှိပါတယ် ။ ပြီး တော့ နောက် တစ်ခု ပြော ချင်တာက ခုနောက် ပိုင်း ဆိုင်တော်တော် များများ က တစ်ခုခု ဆို IC ic နဲ့ ။ ရှော့ ကျ လဲ IC ဘာဖြစ်ဖြစ် IC ဆိုပြီး လွယ်လွယ် နဲ့ ပြင် မရတော့ ရှင် IC အပူပေး မယ် ဖြုတ် မယ် ပြန်တက် မယ် စ သဖြင့် လုပ် ကြပါတယ် ။ တကယ် ဖြစ် တာ တစ်နေ ရာ ကို က IC လုပ် မရ တော့ ပြန်ပေး လိုက် ကော ။ကာစတန်မာ က နောက် တစ်ဆိုင် သွား တော့ အဲ့ ဆိုင် က အဲ့ Error ကို ရှင်း နိုင်ရင် တောင် ရှေ့ က IC တွေ လျောက် မှုတ် ဟိုဖြုတ်ဒီ ဖြုတ် လုပ်ထား တော့ ပြင် မရ တော့ တာတွေ အများ ကြီး တွေ့ နေရပါတယ် ။ ကိုယ် နိုင် သလောက် လုပ် မရ ရင် ပြန်ပေး လိုက်ပါ ။ရတဲ့ ဆိုင်လုပ် ပါစေ ... မိမိ လဲ အဆင်ပြေ ကာစတန်မာ လဲ အဆင်ပြေ တာပေါ့ ။

ခု မှ စလုပ် တဲ့ သူ တွေ အတွက် ရည်ရွယ် ပြီး ဒီ Post ကို တင်လိုက်တာပါ ....

အဆင်ပြေ ကြပါစေ ..

တစ်စုံ တစ်ယောက် ကို ရည်ရွယ် ခြင်း မရှိပါ ။
အပြောမှား အဆို မှား တာ ရှိလျှင် တောင်းပန် ပါတယ် ။

No comments:

Post a Comment